စိုင်းရှမ်းလေး ဘလောခ့် မှ ကြိုဆိုပါ၏

စိုင်းရှမ်းလေး ဘလောခ့် မှ ကြိုဆိုပါ၏

CALENDAR


For more widgets please visit www.yourminis.com

Friday, July 10, 2009

မူဆယ်မြို့ မှ သတင်းတချို့ ...


မူဆယ်က လူငယ်နှစ်ဦး ရဲပစ်သတ်၍ သေဆုံး

သျှမ်းပြည်(မြောက်ပိုင်း) မူဆယ်ခရိုင် ကြူကုတ်-ပန်ဆိုင်းမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လိုက်သဖြင့် လူငယ်နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဂျူလိုင် ၇ ရက်နေ့ ညပိုင်းတွင် ကြူကုတ်-ပန်ဆိုင်းမြို့နှင့် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုံသွားသည့် လမ်းပေါ်ရှိ နမ့်တောင်း ကျေးရွာ၌ အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူဆယ်မြို့ လားရှိုးထမင်းဆိုင်အနီးဖွင့်လှစ်ထားသည့် Kenboဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင်မှ ထွန်းထွန်းနှင့်စိုးစိုးဆိုသူ ၀မ်းကွဲညီအကို နှစ်ဦး သေဆုံးသွားခြင်းဖြစ်သည်။

နမ့်တောင်း ကျေးရွာအတွင်းနေထိုင်ကာ ဆိုင်ကယ်ကယ်ရီသမားများအား စောင့်ဖမ်းလေ့ရှိသည့် ရဲတပ်ဖွဲ့ဝင်(၃) ဦးနှင့် ဆိုင်ကယ်ကယ်ရီသမားဆိုသူ အဆိုပါလူငယ်နှစ်ဦးတို့ ဆိုင်ကယ်ဖမ်းဆီးခြင်းခံထားရသည့် ကိစ္စနှင့် ပတ်သက်၍ ယခုလိုပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ပန်ဆိုင်းဒေသခံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ထွန်းထွန်းက အသက်(၂၂)နှစ်လောက်ရှိတယ် စိုးစိုးက အသက်(၃ဝ)ကျော်လောက်ရှိတယ် ထွန်းထွန်းက ရင် ဘတ်မှာ (၂)ချက်ထိတယ် စိုးစိုးက ပါးစပ်ထဲသေနတ်ပြောင်းငုံခိုင်းပြီးပစ်လိုက်တယ် နောက်ဘက်ကပွင့်ထွက်သွား တာပေါ့ လွန်ခဲ့တဲ့ရက်ပိုင်းက ရဲက သူတို့ဆိုင်ကယ်ဖမ်းထားတာရှိတယ် အဲဒါသွားညှိနှိုင်းဖို့ ည ၁၂ နာရီ ကျော် လောက်အချိန်မှာ ရဲတွေနေတဲ့အိမ်တက်သွားပြီး အခုလိုဖြစ်သွားတာ” လို့ပန်ဆိုင်းဒေသခံတစ်ဦးက ပြောသည် ၊၊

သူတို့နှစ်ဦးသည် မိုးကုတ်မြို့မှ မူဆယ်မြို့သို့ ရေကြည်ရာမျက်နုရာ ပြောင်းရွှေ့၍ စီးပွားရေးလုပ်ကိုင်နေသူများ ဖြစ်ကြောင်း သိရသည် ၊၊

“ရဲကနေတရားမဝင်ဖွင့်အခွန်ကောက်နေတဲ့ ဂိတ် ဒီကြားထဲမှာ (၁ဝ၅) မိုင်အထိ (ရ) ဂိတ်လောက်ရှိတယ် အခုဖြစ် တာကနမ့်တောင်းမှာ ရဲကသူတို့ဆိုင်ကယ်ဖမ်းထား တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရဲနေတဲ့အိမ်ကို ညကြီးသွားတက် တော့ ဟိုက ပစ်ချလိုက်တာ သူတို့မှာလည်း ဓါးတွေပါသွားတယ် ရဲက (၃) ယောက် သူတို့က (၂) ယောက် စခန်းမရှိဘူး ဒီလိုပဲအိမ်တွေမှာ တက်နေတာ” လို့ နောက်ထပ် မူဆယ်ဒေသခံတစ်ဦးက ပြောသည် ၊၊

အလောင်းများကို ပန်ဆိုင်းမြို့တွင်ထားရှိကာ ယနေ့သဂြိုလ်မည်ဖြစ်သဖြင့် မူဆယ်မှ မိသားစုနှင့် အသိမိတ်ဆွေများ ပန်ဆိုင်းသို့ ထွက်ခွာသွားကြောင်းသိရသည် ၊၊




မူဆယ်မှာ သိနေရတဲ့ အဖြစ်အပျက်တွေများပါတယ်။ ဒါပေမဲ့လည်း ဒီသတင်းကိုကြားလိုက်ရတဲ့ ကျွန်တော် သူတို့ မိဘတွေအတွက်
စိတ်မကောင်းဖြစ်မိပါတယ်ဗျာ ..


Reference from Mongloi.org/burmese

Welcome again !

ကျွန်တော် ဘလောခ်ကို update မလုပ်တာ ကြာပါပြီ ..
လာလည်ကြတဲ့ .. သူငယ်ချင်းတွေ မိတ်ဆွေတွေ .. အဝေးကဧည့်သည် တွေ အားလုံး မင်္ဂလာပါဗျာ

Wish the best for you all


Thursday, December 4, 2008

2103 ရှမ်းနစ်သစ်ကူး ( စင်္ကာပူ)

ရှမ်းနစ်သစ်ကူး စင်္ကာပူ Videos များကို ဒီမှာကြည့်ရှုနိင်ပါတယ် ...

http://video.google.com/videoplay?docid=5158407513402151061&hl=en

ဒီလင့်မှာသွားရော့က်ကြည့်ရှုရင်း ... နှစ်သစ်ကူးပွဲလေးကို share လုပ်နိင်ပါတယ်ဗျာ ..


Friday, October 24, 2008

ရှမ်းနစ်သစ်ကူးလေး သို့  ....

နစ်တိုင်းနစ်တိုင်း .. ကျွန်တော်တို့ ရှမ်းနစ်သစ်ကူးမှာ ရှမ်းအိုးစည် .. ရှမ်းရိုးရာ အက .. ဒေါင်းအက ...

သိုးနှယားအက အိုးစည်ဝိုင်း အက .. အစသဖြင့်  ... တင်ဆက်၍ ဖျော်ဖြေကျပါတယ် ..

နစ်တိုင်းနီးနီး ကျွန်တော်ဟာလည်း နစ်ကူးလေး ရောက်တိုင်းပျော်ရွှင်ခဲ့မိပါသေးတယ် ...

ပျော်ရွှင်စရာလေးတွေကို တွေးတောရင်း .. ပြန်လည် ရယ်မောခဲ့မိပါသေးတယ် ...

နှစ်ဟောင်း တစ်နှစ်ရဲ့ အဆုံးနဲ့  ... နှစ်သစ်တခု၏ အစ မှာ ... ပျော်ရွှင်မှု့ တွေကို သယ်ဆောင်ပြီး ..

ဝမ်းနည်းမှု့  တွေကို ထားခဲ့ ဖို့ အလွန်ကောင်းတဲ့ အချိန်လေး တစ်ချိန်ပေါ့ဗျာ ..

ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားလေးတွေ ရဲ့ ရိုးသာမှု့  ... နဲ့  ... ရှမ်းတိုင်းရင်းသားတိုရဲ့ အိုးစည်သံစဉ်

လေးတွေကို နားထောင်ရင်း .... ကြည်နူးခဲ့မိပါတယ် ... ဘယ်လိုမှ့ မေ့ပျောက်မရတဲ့

ကျွန်တော့်နှလုံးသားထဲက ထာဝရရှမ်းနှစ်သစ်ကူး ရိုးရာ ပွဲလေးအဖြစ်တည်ရှိနေပါတယ် ...

ရှမ်းနှစ်သစ်ကူးလို့ .. ဆိုရပေမဲ့ ကျွန်တော်တို့ ရှမ်းတိုင်းရင်းသား တခုတည်းက

လာရောက်ကြည့်ရှု့ တာ မဟုတ်ပဲ မြန်မာပြည်မှာရှိတဲ့တိုင်းရင်းသား အားလုံး လာရောက်

ကြည့်ရှု့ တာတွေကို တွေ့ မိတော့ ကျွန်တော် အရမ်းဝမ်းသာမိပါတယ်..

ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားတွေ အစား ... ရိုးသား ..ကြိုးစားပြီး ... သာယာသောရှုခင်း ....

လှပသော တောင်တန်းများနှင့် .. ချယ်ရီပွင့်သော ရှမ်းမြေကို လာရောက်ဖို့ 

အားလုံးကို ဖိတ်ခေါ်ချင်ပါတယ် ....


တောင်တန်းများ တလူလူ ...

မြူငွေ့ တဆိုင်းဆိုင်း ...

သာယာလှတဲ့ ရှမ်းတောင်တန်း .....

အသံဝဲဝဲ .. စကားသံနဲ့  ...

ချစ်စရာကောင်းတဲ့ တိုင်းရင်း ရှမ်း .....

ဒီကဗျာလေးကို တော့ ... ကျွန်တော် အဝေးကနေ ရှမ်းမြေ လေးကို တမ်းတရင်း ရေးလိုက်ခြင်းဖြစ်ပါတယ်

Thursday, October 9, 2008

ရှမ်းနစ်သစ်ကူး ( စင်္ကာပူ )



ကျွန်တော်တို့  .... Singapore Shan Family ကနေ November 22 မှာ ရှမ်းနစ်သစ်ကူး ( စင်္ကာပူ) ကို ကျင်းပမှာ ဖြစ်ပါတယ် ... အသင်းရဲ့ရည်ရွယ်ချက်လေးကတော့ ... စင်္ကာပူမှာ ရောက်ရှိနေတဲ့ ရှမ်းတိုင်းရင်းသားတို့ .... ကိုယ့်မြေမှာ ရှိတဲ့ ရှမ်နစ်သစ်ကူးကို ရည်မှန်းပြီး အတူတူစုံဆည်းကာ ကျင်းပမဲ့ပွဲတစ်ပွဲဖြစ်ပါတယ် .... အသင်းသားများကတော့ .... စင်္ကာပူမှာ အခုလာရောက် အလုပ်လုပ်နေသော သူများနဲ့  .. ကျောင်းတက်နေသော ကျောင်းသား ကျောင်းသူများပဲဖြစ်ကျပါတယ် ...

ဒီနစ်အပါအ၀င်ဆိုရင် စင်္ကာပူမှာ ရှမ်းနစ်သစ်ကူးလုပ်လာတာ ၃ နစ်တိုင်တိုင်ရှိခဲ့ပါပြီ ... စင်္ကာပူမှာ ရောက်ရှိနေတဲ့ ရှမ်းပြည်နယ်မှ ပြည်သူများအပြင် မြန်မာပြည်အရပ်ရပ်မှ လာရောက်ကျသော ပြည်သူပြည်သားများ အားလုံးကို လည်း ရှမ်းနစ်သစ်ကူးကြီးနဲ့ အတူ ပါဝင်ဆင်နွဲကျဖို့  .....
Singapore Shan Family က လှိုက်လဲစွာ ဖိတ်ခေါ်ကြိုဆိုနေပါတယ် ....

အသေးစိတ်ကို တော့ အောက်ပါ website မှာ သွားရောက်ကြည့်ရှု့ လည်ပတ်နိင်ကြောင်း ဖော်ပြရင်း
ရှမ်းနစ်သစ်ကူးကို ပျော်ရွှင်စွာဆင်နွဲနိင်ကျပါစေလို့ .... ဆုတောင်းမေတ္တာ ပို့ သလိုက်ပါတယ် .....
www.shannewyear.com

ရှမ်းနစ်သစ်ကူး ပွဲ အစီအစဉ် ( ၂၁၀၃ )- ညစာစားပွဲ -ရိုးရာအကနှင့် စင်တင်ဖော်ဖြေပွဲ
ရှမ်းနစ်သစ်ကူးလက်မှတ်များကိုတော့ Peninsula Plaza ရှိ
ရှမ်းတောင်တန်း ၊ မောရှမ်း ၊ လွိုင်ဟိန်း
နှင့် သီရိမွန် ဆိုင်များတွင် ရရှိနိင်ပါကြောင်း။
( ticket prices - SGD 30 , SGD 40 )

အကယ်၍ မေးနဲ့  နစ်သစ်ကူးလက်မှတ်ကို ဆက်သွယ်မှာကြားချင်သူများအတွက် ....
ticketbooking@shannewyear.com ကို မေးပို့ ၍ နာမည် ၊ ဖုန်းနံပါတ် - လက်မှတ်အမျိုးအစား
နှင့် အရေအတွက် တို့ ကို အတူဖော်ပြ၍ မှာကြားနိင်ပါသည်။
Celebration of SHAN NEW YEAR 2103 in Singapore

Our tickets are available at SHAN TAUNG TANN, MAO SHAN, LOI HEIN & THIRI MON Department Store, Peninsula Plaza

Place of Venue -21 Tyrwhitt Road, Singapore 207530
(Near Jalan Besar Stadium, NorthGate)Lavender MRT (Exit "B")
Date : November 22, 2008(Saturday)
Timing: 5:00 p.m

Older Posts

SHAN SONGS FROM - YOUTUBE

Sai Seing Mow - Selection